Showing posts with label ဗာလင်တိုင်းအမှတ်တရကဗျာများ. Show all posts
Showing posts with label ဗာလင်တိုင်းအမှတ်တရကဗျာများ. Show all posts
မချစ်တတ်သူများ(သို့ )ချစ်သူမဲ့ နေ့ ..
အမလေး...ဟဲ့....
ရင်ထဲကအလွမ်းတွေ ဒရွတ်တိုက်နေပြီ
စွတ်စွဲမယ်များမတွေးလေနေဲ့ 
ကျွတ်ကျဲကာငါ့အသဲအေးဆေးသွားတယ်......
ဘာတဲ့ ....ဒီနေ့ ဗာလင်တိုင်းတဲ့ 
ချစ်မရှိလို့ မျက်ရည်ဝိုင်းမဲ့ ထဲ
နင်မပါလောက်ဘူးထင်ရဲ့ 
အပြင်အဆင်မဲ့ရင်ခွင်ကတော့
ကောင်းကင်အောက်မှာလင်ဆန်ရွေးနေတယ်......
မစိမ်းတော့သော.....အချစ်.....
အိုးးးးးးးး နစ်မြုတ်သွားရတယ်
နင့်ရဲ့ သမရိုးကျအလှမှာပဲပေါ့
ရင်ခုန်ရလွန်းတယ်...ကွဲ့ 
ဒီနေ့ .....
ညနေခင်းတွေအပန်းရောင်သန်းနေတယ်နော်
ရမ်းယောင်လို့ ရင်ထဲမှာတဒိတ်ဒိတ်
အတွင်းစိတ်ထဲမှာလဲတရိပ်ရိပ်နဲ့ 
အရာရာတိုင်းဖြူစင်ရိုးသားလွန်းတယ်
ယူငင်ကာတွယ်ရစ်..ဒါအချစ်စစ်လားတဲ့ ....
လောကကြီးခဏရပ်တန့် သွားသလို
ငါ့ရဲ့ မိုးကောင်းကင်ကြီးရှက်သွေးတွေဖြာနေလိုက်တာ
အသက်သွေးတွေတောင်ပြောင်းပြန်စီးဆင်းနေသလားလို့ 
ရင်းနှီးတဲ့ ရင်ခုန်သံတွေလဲစုံမှတ်တခုစီသို့ 
သံစဉ်ချိုချိုလေးတွေနဲ့ ချီတက်နေကျလေရဲ့ 
မထားခဲ့ ပါနဲ့ 
ချစ်သူ
နင့်စိတ်ကြိုက် ငါ့ဘ၀ကြီးကို
ချယ်လှယ် ၊ ကြီးစိုး ၊ အုပ်မိုးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
...
ချစ်သူ
နင့်စိတ်ကြိုက် ငါ့ကြင်နာခြင်းတွေကို
အသုံးချ ၊ ရှောင်လွဲ ၊ ခေါက်သိမ်းပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
အထီးကျန်မျှော်လင့်ချက်...
တစ်နေ့ သူနဲ့ပြန်တွေ့ရင်
သူ့ရဲ့အပြုံးခပ်နွေးနွေးကိုမြင်တွေ့ရမယ်ဆိုတဲ့
မျှော်လင့်ချက်တစ်ခုအတွက်နဲ့
ငါ့ "valentine day" တိုင်းကို
တစ်ယောက်တည်းကျော်ဖြတ်ခဲ့တာပါ...။
(ဖယောင်း)
Facebook >> Star Sst << link
မာယာမဲ့ အလွမ်း....
လေပြေညင်းညင်းလေးတွေ
ပါးပြင်ပေါ်ဖြတ်တိုက်သွားလို့ အေးခနဲဖြစ်သွားရတယ်
ဒါဟာ...မျက်ရည်ပူပူလေးတွေအတွက်ဖြေဆေးပေါ့
ဒီနေ့ လဲ....
အလွမ်းတွေအတွက်မေးခွန်းခက်နေလေရဲ့ 
ပန်းတွေဟာ ကျူတိုရီရယ်ဖြေဖို့ မလိုဘူးလေ
သတိရလိုက်တိုင်းမှာ
တမ်းတခြင်းလှိုင်ထမ်းပိုးတွေမောက်ကြွလို့ နေတယ်လေ
စမ်းချောင်းလေးတစင်းအတွက်
အပူပင်ဆိုတာငရဲကျသလိုဖြစ်နေလိမ့်ထင်ပါရဲ့ 
အဲဒီအတွက် သစ်ခုတ်သမားတယောက်ဟာ
အလုပ်လက်မဲ့ မဖြစ်တာသေချာချင်သေချာပါလိမ့်မယ်
ဘယ်တုန်းကမှ မပျိုးခဲ့ တဲ့ ပန်း
``ချစ်ခြင်းတရားနဲ့ညီမလေး´´
ငါ့စိတ်ကူးနဲ့ မြင်ကြည့်လို့ မရအောင်
မင်းမျက်နှာလေးက ချောမောလှပလွန်းတယ်
ငါ့လက်ကလေးနဲ့ တွဲခေါ်လို့မရအောင်
မင်းမာနတရားက ကြီးမားလွန်းတယ်...
ငါပြောခဲ့တဲ့ အနာဂတ်ကလည်း
ငါ့ဘ၀နဲ့ မယှဉ်ပြိုင်နိုင်ဘူး
ငါလျှောက်ခဲ့တဲ့ လမ်းဟာလည်း
မင်းမက်ခဲ့တဲ့ အိပ်မက် မဟုတ်ခဲ့ဘူး...
ချစ်ခြင်းကို ယုံကြည်သူရဲ့မေတ္တာတရားမှာ
``8/2 ည´´
ကျွန်တော် နှင်းတွေကို ချစ်ဧ။်… ။သူတို.သည် အဝေးမှာနေကြသည်။
ကျွန်တော်သည် သူမကိုလည်းချစ်ခဲ့ဧ။်…။သူမသည်လည်း……….
သီချင်းသံတွေက ကျွန်တော့်နားထဲကို ပစ်စလက်ခတ်တိုးဝင်နေ
လရောင်အောက်က ညတွေကလည်း အူသံတွေနဲ. အိပ်စက်
ကျွန်တော်က အလွမ်းတွေနဲ. သူမကို နမ်းနေလေရဲ. …
ညကလည်း ညအတိုင်း
လကလည်း လအတိုင်း
``အချစ်နဲ.လက်တစ်ကမ်း´´
ကျောချင်းကပ်ရရုံနဲ. မဖူလုံတော.လို.
မျက်နာချင်း ဆိုင်ခဲ.ကြတယ်
စိတ်တွေက တစ်နံတစ်လျား
ငါတို.တွေ ရိုးရိုးလေးပဲ တွေးလိုက်ကြပါစို. …
တစ်ယောက်ကို တစ်ယောက် ချစ်ခဲ.ကြပါတယ်
တစ်ယောက်နဲ. တစ်ယောက် ဝေးသွားကြရမှာပဲ
(ဘယ်နေ.လဲလို. မမေးကြေး ….)
ချစ်နိုင်သမျှ
မိုးအဆုံးမြေအဆုံး မဟုတ်တောင်
မျက်တောင်တစ်ခတ်လေးအတွင်း ….
အလွမ်းများ၏နောက်ကွယ်မှချစ်သူများနေ့ 
အပြစ်တွေမမြင်ပဲ
ချစ်ကြင်ခဲ့ရတာပါကွယ်
ယခင့် ယခင်နှစ်တွေကလို
မအိုနိုင်တဲ့သံယောဇဉ်ကြိုး
နင့်အမြင်မှာလူဆိုးဖြစ်ခဲ့သလားကွဲ့ 
အယူမရိုးတဲ့သစ္စာတွေနဲ့ 
ပတ်ရစ်ကာချည်နှောင်
ပီပြင်အောင်အသက်သွင်းချင်ပါရဲ့ 
နှစ်ဦးစုံညီအချစ်များနဲ့ 
သဘောထားလဲ မျှခဲ့ တယ်နော်
ရောပြွန်းသွားတဲ့ဥပေက္ခာတရားနဲ့ 
ငါ့ရင်ဘတ်လဲမူးယစ်သွားခဲ့တယ်ကွဲ့ 
နင်စွန့် ပစ်ခဲ့ တဲ့ အသဲ
ခပ်မွဲမွဲလေးထင်ကျန်
စိတ်အမြင်မှန်မှာတော့
ခပ်ဆွေးဆွေးလေးသတိရ
အခုထိအောင်တမ်းတ
မျက်ရည်တွေနဲ့ လွမ်းနေရတယ်ကွယ်
Subscribe to:
Posts (Atom)








