မင်းယုံဖို့................


ချစ်သူ................
မင်းကလွဲရင်
ငါဘာကိုမှ  မမြင်နိုင်ဘူး
မင်းအသံကလွဲရင်
ငါဘာသံမှ  မကြားမိဘူး
မင်းလက်ကလွဲရင်
ငါဘယ်သူ့လက်မှ  မတွဲဘူး
မင်းတစ်ယောက်ကလွဲရင်
ငါဘယ်သူ့ကိုမှ  မချစ်ချင်ဘူး
မင်းအချစ်ကလွဲရင်
ငါ့ကို  ဘယ်အရာမှ  မနွေးထွေးစေဘူး
မင်းအနမ်းကလွဲရင်
ငါ့ကို  ဘယ်အရာမှ  မချိုမြိန်စေဘူး

မင်းရင်ခွင်ကလွဲရင်
ငါ့ကို  ဘယ်အရာကမှ  မလုံခြုံစေဘူး
မင်းရဲ့ချစ်စကားတစ်ခွန်းဟာ
ငါ့နှလုံးသားမှာ ပျော်ပိုက်
ငါ့ဘ၀ရဲ့  လှပတဲ့နေ့ရက်တွေကို
ဖန်ဆင်းပေးခဲ့တာ  ယုံပါ.........။
                      (ဖယောင်း)

No comments:

Post a Comment