လမ်းခွဲ


ငါ့ရဲ့ကမ္ဘာကြီး တစ်ခုလုံး
ချာချာလည်သွားရသလိုပဲ
ရုတ်တရက်ချင်းကို
ရင်ခွင်တစ်ခုလုံး
ဆို့နင့်ကြေကွဲခြင်းတွေက
စကားလေးတစ်ခွန်း
ပြောနိုင်ဖို့  ခက်ခဲ တစ်ဆို့သွားရပြီ
ပြောရက်လိုက်တာ
ငါ့ကို မသနားချင်နေပါ
ချစ်ခဲ့ဖူးတဲ့...
ဆန္ဒတွေတစ်ထပ်တည်းကျခဲ့ကြတဲ့
ချစ်သက်တမ်းလေးကိုတော့
အားနာသင့်ပါတယ်.
ဘ၀တစ်ခုလုံးနဲ့ရင်းပြိး
ချစ်ခဲ့ရခြင်းတွေက


နောက်ဆုံး.....
ဒီလမ်းခွဲခြင်းမှာပဲ
အဆုံးသတ်ကြရတော့မှာလား...
..
ငါသာ....
    ကောင်းကင်ကြီးဆို မိုးတွေအဖြစ်
    ရွာချပစ်လိုက်ချင်တယ်...

တိမ်ပြာ
03:28 AM
5.2.12
Facebook >>  Villa G Er << Link


1 comment: