``ချစ်ခြင်းတရားနဲ့ညီမလေး´´


ငါ့စိတ်ကူးနဲ့ မြင်ကြည့်လို့ မရအောင်
မင်းမျက်နှာလေးက ချောမောလှပလွန်းတယ်
ငါ့လက်ကလေးနဲ့ တွဲခေါ်လို့မရအောင်
မင်းမာနတရားက ကြီးမားလွန်းတယ်...
ငါပြောခဲ့တဲ့ အနာဂတ်ကလည်း
ငါ့ဘ၀နဲ့ မယှဉ်ပြိုင်နိုင်ဘူး
ငါလျှောက်ခဲ့တဲ့ လမ်းဟာလည်း
မင်းမက်ခဲ့တဲ့ အိပ်မက် မဟုတ်ခဲ့ဘူး...
ချစ်ခြင်းကို ယုံကြည်သူရဲ့မေတ္တာတရားမှာ

အမြဲတမ်း သာယာလှပဖို့
စိတ်လက်ပျော်ရွှင် ကြည်နူးဖို့
ရင်ဘတ်ကြီးထဲ မြတ်နိုးစိတ်တွေ မွေးဖွားတယ်
ကြင်နာယုယမှုတွေ သက်ဝင်လှုပ်ရှားတယ်...
ညီမလေးရေ.
ဘယ်သူမှ မခိုလှုံခင်
ကိုယ့်ရင်ခွင်ထဲ ခိုလှုံအိပ်စက်နေစမ်းပါ
ညီမလေးရေ......
ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့
စိမ်းစိုမွှေးမြတဲ့ ပန်းတွေ ပွင့်သွားစေရမယ်........။
ဒီမွန်း  FB >>> Nyimoe Eain<<< Link

1 comment: