"သူ"မလိုချင်လို့ ပစ်လိုက်တဲ့ပန်း
ငါ့ ရင်ထဲမှာ မနွမ်းစေရဘူး
ငါ့အချစ်ကြောင့် လန်းဆန်းစေရမယ်
"သူ"မုန်းလိုက်တဲ့ပန်း
သူ့နှလုံးသားထဲမှာ လက်မခံချင်လည်း
ငါကတော့ အဆုံးရှုံးမခံနိုင်ပါဘူး
"ပန်း" ရယ်
မင်းအနားမှာ နေခွင့်ရဖို့
ပထမလူ မဟုတ်ခဲ့ရင်လည်း
ဒုတိယလူ အဖြစ်နဲ့
မင်းစေရင်
ငါ နေပေးမယ်.....။
(ဖယောင်း)
facebook >>
Star Sst <<
No comments:
Post a Comment