မာယာမဲ့ အလွမ်း....


လေပြေညင်းညင်းလေးတွေ

ပါးပြင်ပေါ်ဖြတ်တိုက်သွားလို့ အေးခနဲဖြစ်သွားရတယ်

ဒါဟာ...မျက်ရည်ပူပူလေးတွေအတွက်ဖြေဆေးပေါ့

ဒီနေ့ လဲ....

အလွမ်းတွေအတွက်မေးခွန်းခက်နေလေရဲ့ 

ပန်းတွေဟာ ကျူတိုရီရယ်ဖြေဖို့ မလိုဘူးလေ

သတိရလိုက်တိုင်းမှာ

တမ်းတခြင်းလှိုင်ထမ်းပိုးတွေမောက်ကြွလို့ နေတယ်လေ

စမ်းချောင်းလေးတစင်းအတွက်

အပူပင်ဆိုတာငရဲကျသလိုဖြစ်နေလိမ့်ထင်ပါရဲ့ 

အဲဒီအတွက် သစ်ခုတ်သမားတယောက်ဟာ

အလုပ်လက်မဲ့ မဖြစ်တာသေချာချင်သေချာပါလိမ့်မယ်

ဘယ်တုန်းကမှ မပျိုးခဲ့ တဲ့ ပန်း


ဘာကြောင့်များ ပွင့်လန်းနေရပါလိမ့်နော်

အသစ်အဆန်းဆိုတဲ့ ငနဲသားနဲ့ 

တခါလောက်မိတ်ဆက်စမ်းပါရစေ

ကြယ်တွေဟာလရောင်နမ်းမှ

တောက်ပတယ်ဆိုတာယုံလိုက်ပါပြီ

လိပ်ပြာလေးတွေရဲ့ အနမ်းဟာ

ပန်းပွင့်လေးတွေအတွက်နူးညံ့နေမှာအမှန်ပါ

ဘယ်တော့မှ မထုံတက်တေးအပြုံးတွေနဲ့ ပြုံးမပြပါနဲ့ 

ဘယ်တော့မှလဲ ရွံတယ်ဆိုတဲ့စကားမပြောလိုက်ပါနဲ့ 

မုန်တိုင်းတွေသာဆောက်တည်ရာမရဖြစ်နေခဲ့ ရင်

တိမ်ညိုတွေ စိတ်မကောင်းဖြစ်ယုံကလွဲပြီး

ဘာမှတတ်နိုင်ခဲ့ မှာမဟုတ်ဘူး

ကောင်းပြီလေ ...အခုကစလို့ 

ဘယ်တော့မှ ......

ဝတ်ရုံနက်မခြုံတော့ဘူး...မျက်နှာဖုံးမစွတ်တော့ဘူး

ပ၀ါဖြူဖြူလေးကိုမြတ်နိုးတတ်တာအပြစ်မမြင်ကြေးပေါ့

ဟိုးရှေးရှေးတုန်းက အသစ်တွေဟာ

အခုချိန်မှာ အဟောင်းဖြစ်နေပြီဆိုတာ

ဘယ်သူ ကမှငြင်းနိုင်မှာမဟုတ်ဘူးနော်

ဒဏ်ရာတွေသာဆက်လက်နုပျိုနေခဲ့ရတယ်

အခုဆိုမှုန်မှိုင်းမှိုင်းအတွေးတွေနဲ့ 

လပ်ဆပ်ခြင်းတွေတောင်ရေးရေးပဲကျန်တော့တယ်

နောက်ထပ်မရနိုင်တော့တဲ့ အခွင့်အရေးတွေကို

လက်လွတ်ဆုံးရှုံးဖို့ အင်အားတွေချိနဲ့ နေခဲ့ရတယ်

မျှော်လင့်ခြင်းဆိုတဲ့ စကားလုံးဟာ

အဘိဓါန်စာအုပ်တအုပ်အတွက်

အကျဉ်တန်လွန်းလှတယ်လို့ မထင်ခဲ့ပါဘူး

အထီးကျန်တဲ့ နေ့ တွေက ရုန်းထွက်ဖို့ 

မနက်ဖန်ပေါင်းများစွာမှာ

အားသွန်ခွန်စိုက်ကြိုးစားနေရအုံးမယ်ထင်ပါရဲ့  .......

မိုးသူ(တောင်ကြီး)
06 Feb 2012/Monday
05:02/PM
Facebook>> Mano War <<

No comments:

Post a Comment