မထားခဲ့ ပါနဲ့ 


ချစ်သူ
နင့်စိတ်ကြိုက် ငါ့ဘ၀ကြီးကို
ချယ်လှယ် ၊ ကြီးစိုး ၊ အုပ်မိုးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
...
ချစ်သူ
နင့်စိတ်ကြိုက် ငါ့ကြင်နာခြင်းတွေကို
အသုံးချ ၊ ရှောင်လွဲ ၊ ခေါက်သိမ်းပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ပေးဆပ်မှုတွေကို
အပြစ်တင် ၊ ရှုံချ ၊ အထင်သေးပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့ရှင်သန်ခြင်းတွေကို
ပိုင်းခြား ၊ ကန့်သတ် ၊ ဆုံးဖြတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။

ချစ်သူ
နင့်စိတ်ကြိုက် ငါ့အချစ်တွေကို
ဖန်ဆင်း ၊ စီရင် ၊ အဆုံးသတ်ပါ
ဒါပေမယ့်
ငါ့ကို မထားခဲ့ပါနဲ့………။
ကျူးပစ်
facebook >>Little Littlecupid << link

2 comments:

  1. မထားခဲ့ပါနဲ့ ..........................

    ReplyDelete
  2. မထားခဲ့ပါဘူးစိတ်ချ ဟိဟိ

    ReplyDelete