ရင်ခွင်တံခါး


ဘယ်လိုလဲ ငါ့ရင်ခွင်ထဲ
ဝင်လာမှာလား ထွက်သွားမှာလား ?
ငါကတော့ အသင့်ဖြစ်သွားပြီ
ခရောင်းလမ်းကို လျှောက်ဖို့ 
ဖိနပ်တွေလည်း စီးပြီးသွားပြီ....
နည်းနည်းတော့ ကြမ်းတမ်းမှာပေါ့ ။

ငါ့ လက်ကိုသာ မှန်မှန်တွဲလို့ 
မင်းလာဖို့  မျှော်လင့်တယ်
ကျန်တာတွေ ဘာမှမလိုအပ်ဘူး........
လောကရဲ့ နိယာမတွေကိုတော့ 
တစ်ခုပြီး တစ်ခု ရိုက်ချိုးသွားမှာပါ....။
ငါ့ရင်ခွင်နောက် မင်း စစ်ကူရှိမယ်
ဆိုရင်ပေါ့ ................................။
ဝင်လာဖို့  တံခါးဖွင့်ထား သလို ....
ထွက်သွားဖို့ လည်း သော့ဖွင့်ထားပါတယ် ..။

လုလင်ပျို

Facebook >> Ko Htut<< link

No comments:

Post a Comment