သူငယ်ချင်းများ...


ပညာပင်လယ်
စင်ရော်ခြောက်ကောင်
ယှဉ်တွဲ ဒွန်တွဲ
တစ်သက်မခွဲ
ယုံကြည်မှုထား
ပျံသန်းခဲ့သည်။ ။
လပြည့် လကွယ်
ဖြာလိုက် မှိန်လိုက်
တွဲခွဲ အစဉ်
လောက ဒဏ်၏

ဘာသာ ဘာဝ
နားမလည်ပဲ
ပျံသန်းရင်းသာ ပျံရင်းသာ။ ။
ပေါင်းစုညီညာ
ကြိုးစားခါမှ
တစ်နေ့ မုန်တိုင်း
ကြမ်းလေခဲ့ပြီ
ပေါင်းစု ညီညာ မဖြစ်သာ။ ။
တစ်နယ်စီဝေး
ရင်တွင်ဆွေးရင်း
တွဲယှဉ်ပျံသန်း
သွယ်ဆက်ခဲ့လည်း
ဝေးရောက်သည့်ငှက်
လိုရာပျံသန်း
ခြောက်ကောင်စင်ရော်
ဆုံဖို့ ခက်ပြီ
ဝေးနေရင်းသာ ဝေးရင်းသာ....

Scarlett

Facebook >> Swe Zin ( Scarlett )<< Link

No comments:

Post a Comment