ငါ့နှလုံးခုန်သံတွေကို ငါပြန်မကြားချင်ဘူး
"မင်းကိုချစ်တယ်"ဆိုတာဘဲကြားနေရလို့
ငါ့အမြင်အာရုံတွေကို ငါအလိုမရှိတော့ဘူး
မင်းကိုဘဲ အမြဲတွေ့ချင်နေမိလို့
ငါ့အကြားအာရုံတွေကို ငါစိတ်နာတယ်
မင်းအသံကိုဘဲ ကြားယောင်နေမိလို့
ငါ့ဦးနှောက်ကို ငါသိပ်မုန်းတယ်
မင်းအကြောင်းဘဲ တွေးနေမိလို့
ငါ မင်းကို မချစ်ချင်တော့ဘူး
အဲဒါ.....မင်းမှာချစ်သူရှိနေလို့
ဒါပေမဲ့........နောက်ဆုံး......
အသက်မဲ့နေတဲ့ ငါ့ခန္ခာက
ဝိဥာဉ်ဘ၀နဲ့ မင်းကိုတမ်းတနေတုန်း................။
(ဖယောင်း)
Facebook>>
Star Sst <<
No comments:
Post a Comment