မင်းသိနိုင်မှာလား...


ချစ်သူ့ပါးပြင်  နမ်းရာမထင်
လွမ်းရာထင်၏ ။
ချစ်သူ့မျက်ဝန်း  ပျော်မြူးရိပ်ပျောက်
မျက်ရည်ရောက်၏ ။
ချစ်သူ့ပါးထက်  မျက်ရည်စက်ကို
သုတ်ပေးချင်လည်း  ငါမ၀ံ့ရဲပြီ
ချစ်သူ့အသည်း  နွမ်းလျကြေကွဲ
ငါလည်းဆွေး၏ ။

ချစ်သူ့ရင်ခွင်  ၀မ်းနည်းခြင်းကို
ချော့မြှူချင်လည်း  ငါမ၀ံ့ရဲပြီ
ချစ်သူ့စိတ်ထား  မုန်းမာန်ပွားလည်း
တိတ်ဆိတ်စွာ  ငါကျေနပ်မည်
ချစ်သူ့ဘ၀ သာယာပျော်မြူး လမ်းဖြောင့်ဖြူးရန်
ငါ့အချစ် ငါ့နှလုံးသားအား လမ်းခင်းပေးမည်
အခုတော့.....................
ချစ်သူ  အဖော်တစ်ယောက်တွဲ
ရယ်ရွှင်ပျော်မြူးနေချိန်မှာ
အို........ငါ့နှလုံးသားဟာကြေကွဲ
ငါ့အချစ် သေလေပြီ..............။
                      (ဖယောင်း)

Facebook >> Star Sst <<

No comments:

Post a Comment